Thesis Information

Thesis ရေးသည့်အခါ အဆင့်သုံးဆင့်ရှိပါသည်။ Title proposal အပိုင်း၊ Progress အပိုင်းနှင့် Thesis တစ်ခုလုံး submit လုပ်သည့်အပိုင်းဖြစ်သည်။

Thesis Process

Thesis ရေးသည့်အခါ အဆင့်သုံးဆင့်ရှိပါသည်။ Title proposal အပိုင်း၊ Progress အပိုင်းနှင့် Thesis တစ်ခုလုံး submit လုပ်သည့်အပိုင်းဖြစ်သည်။

Thesis Title Proposal Process

  1. Title မရွေးခင်မှာ Thesis title ရွေးချယ်တဲ့အခါ format download ရရန်၊ ကိုယ်အသုံးပြုမည့် theories, research methodologies, research plan, questionnaires, findings and observation တွေကို အရင်အကြမ်းစဥ်းစားကြည့်ပါ။ နောက် ဒီအတွက် powerpoint သို့ mindmap လုပ်ကြည့်ပါ။​ အသုံးပြုမည့် theories များကို ကြိုတင်ရှာဖတ်ထားပါ။ Questionnaires များကို google scholar တို့လို website မှာ တခြား thesis တွေလုပ်ပုံကို အရင် လေ့လာကြည့်ပါ။ နောက် Thesis တစ်ခုမစတင်ခင်ကတည်းက အဆုံးထိကြည့်ရန် data ရနိုင်မရနိုင်ကို ကြိုတင်စဥ်းစားဖို့လိုပါသည်။ Professional Master တန်းဖြစ်သည့်အတွက် ကိုယ့်အားကိုယ်ကိုးမှု proactive ဖြစ်ဖို့ အရေးကြီးပါသည်။ အစကောင်းမှ အနှောင်းသေချာမည်ဖြစ်သည်။

  2. Supervisor နဲ့တွေ့ရန် appointment ယူရမည်။ Supervisor တိုင်းမှာ သူ့ကျွမ်းကျင်သည့် အပိုင်းနှင့်သူဖြစ်သည့်အတွက် ကိုယ် propose လုပ်မည့် thesis title နှင့် supervisor ရဲ့ speciality နှင့် ချိန်ကြည့်ပါ။ တစ်နာရီ session နှစ်ချိန်ရပါသည်။ ပုံမှန်အားဖြင့် ပထမတစ်ချိန်အတွင်းပြီးပါသည်။ (နှစ်ချိန်ထက်ပို ယူလိုပါက ကိုယ်ရွေးချယ်လိုက်သည့် supervisor အလိုက် supervisor ထံသို့ hourly fee ပေးသွင်းရမည်ဖြစ်သည်။)

  3. Title ရွေးပြီး Thesis title proposal ကို yea.edu.mm/thesis မှ submit လုပ်ရပါမည်။ Thesis title proposal တစ်ခုမှာ ပါရမည့် အချက်များပါဝင်သည့် checklist တွင် tick လုပ်ပေးပြီး file ကို submit လုပ်ပေးရမည်။ Professor မှ approve or amend ပြင်ဆင်ရမည့်အပိုင်းများကို comment ပေးမည်ဖြစ်သည်။

  4. Professor approve ဖြစ်ပါက LUC ကို ပို့ပေးLincoln University College ကို academic program co-ordinator မှ submit လုပ်ပေးပြီး LUC မှ approve or amend ပြန်လာမည်ဖြစ်သည်။ ပြင်ဆင်စရာရှိပါက ပြန်လည်ပြင်ဆင်ပေးပြီး LUC ကိုပြန်လည်ပို့ပေးရမည်ဖြစ်သည်။ approve ဖြစ်ပါက Thesis ကို စတင်လုပ်ဆောင်နိုင်သည်။

Thesis Progress Process

  1. Chapter ပေါ်မူတည်ပြီး ကိုယ်အသုံးပြုမည့် theories, research methodologies, research plan, questionnaires, findings and observation တွေကို overview တည်ဆောက်ပါ။ Theories ပိုင်းတွေကို စ conceptual framework ထုတ်ပါ။ Questionnaires တည်ဆောက်ထားပါ။

  2. Title defense မှာ ဆွေးနွေးခဲ့သည့် မိမိ supervisor နှင့် appointment ရယူပါ။ Progress အတွင်း တစ်နာရီဆွေးနွေးနိုင်သည့် appointment 4 ချိန်ယူနိုင်ပါသည်။ ပထမ တစ်ချိန်သည် ကိုယ့်ရဲ့ research plan မှာပါဝင်သည့် အသုံးပြုမည့် theories နှင့် questionnaires အကြောင်း ဆွေးနွေးသည့်အချိန်ဖြစ်သည်။ ဒုတိယအချိန်မှာ reserch finding တွေနဲ့ observation တွေ့ရှိချက်တွေကို ဆက်စပ်ဖော်ပြချက် ဆွေးနွေးသည့်အပိုင်းဖြစ်သည်။ ကျန်နှစ်ချိန်မှာ ကြားထဲမှာလိုအပ်သည်များရှိပါက ဆွေးနွေးနိုင်အောင် စီစဥ်ထားပေးခြင်းဖြစ်ပါသည်။ (နှစ်ချိန်ထက်ပို ယူလိုပါက ကိုယ်ရွေးချယ်လိုက်သည့် supervisor အလိုက် supervisor ထံသို့ hourly fee ပေးသွင်းရမည်ဖြစ်သည်။)

Thesis Final state

  1. အားလုံးပြီးဆုံးပါက Thesis ကို yec.edu.mm/thesis တွင် submit လုပ်ရမည်။ Acadmic Program Co-ordinator မှ plagiarism test စစ်ဆေးပေးမည်။ Test အောင်ပါက Professor မှ စစ်ဆေးပေးမည်ဖြစ်ပြီး approve or amend ပြန်လည်ပြုလုပ်ရမည်။ approve ဖြစ်ပါက PhD examiners နှစ်ဦးမှ စစ်ဆေးပေးမည်ဖြစ်ပြီး approve or amend ပြန်လည်လုပ်ဆောင်ရမည်။ (ပုံမှန် Thesis defense နှင့် Jounal ရေးပြီး conference တက်ရသည်။ Covid-19 နှင့် Coup ကြောင့် examiners နှစ်ဦးမှ စစ်ဆေးပြီး approve ဖြစ်ကြောင်းလက်မှတ်လိုအပ်သည်။)

  2. ထို့နောက် Thesis ကို LUC ကိုပို့ပေးမည်ဖြစ်သည်။ ပြင်ဆင်မှုများရှိပါက ပြန်လည်ပြင်ဆင်ရမည်။ Approve ဖြစ်ပါက Professor မှ Grading A, B, C, D ပေးမည်ဖြစ်ပြီး စာမေးပွဲအမှတ်စာရင်းနှင့် Thesis ပြီးပါက LUC မှ ချီးမြင့်သည့် MBA ဘွဲ့ကို ရရှိမည်ဖြစ်သည်။

Last updated